အကောင့်ဝင်ရန်

ABOUT MYANTRADE

ကုန်သွယ်မှုဗဟိုဌာနများ

ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိကုန်သွယ်မှုဗဟိုဌာနများ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်းမှ လုပ်ငန်းရှင်များ ချိတ် ဆက်၍ သတင်းအချက်အလက်များဖြန့်ဝေပေးရန် နှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန် ရည်ရွယ်၍ရန်ကုန်၊မန္တလေး၊မြစ်ကြီးနား၊မုံရွာ၊ပုသိမ်၊မကွေး၊မော်လမြိုင်၊လွိုင်ကော်၊စစ်တွေ၊တောင်ကြီး၊မူဆယ်၊ဘားအံ၊ ပြင်ဦးလွင် တို့တွင်ကုန်သွယ်မှုဗဟိုဌာနများကို ဖွင့်လှစ်ခဲ့ပါသည်။ 

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းအချက်အလက်များဖြန့်ဝေပေးခြင်းနှင့်ကုန်သွယ်မှုမြှင့်တင်ရေးဝန်ဆောင်မှုပေးခြင်း၊စီးပွားရေးလုပ်ငန်းရှင်များ၊ကုမ္ပဏီများ၊အသင်းအဖွဲ့များ၊ပို့ကုန်လုပ်ငန်းရှင်များ၊တောင်သူလယ်သမားများအားကုန်သွယ်မှုနှင့်သက်ဆိုင်သောသင်တန်းများဖွင့်လှစ်ပေးခြင်း၊ပို့ကုန်မြှင့်တင်ရေးဆိုင်ရာဝန်ဆောင်မှုများနှင့်လုပ်ငန်းဆောင်ရွက်မှုများကိုသိရှိစေရေးအလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပေးခြင်း၊ကုန်စည်ပြပွဲများတွင်ကူညီဆောင်ရွက်ပေးခြင်းတို့ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။